
Game overview
Miracle Dice - မိုနိုပိုလီ ZingPlay ဆိုသည်မှာ အိမ်ခြံမြေစျေးကွက်ရင်းနှီးမြုပ်နှံမှုများကို မဟာဗျူဟာမြောက်စွာ စဉ်းစားတွေးတော၍ ကမ္ဘာအထင်ကရနေရာများကို ရောင်းဝယ်ကစားကြသော ဂိမ်းဖြစ်သည်။ ကျွန်တော်တို့ ကစားနေကြ ရိုးရာကစားနည်းဖြစ်သည့်မိုနိုပိုလီ ကစားနည်းနှင့်အတူ မှော်အံစာကို ကစားရန် အံစာနှစ်တုံးသာလိုအပ်ပြီး အံစာများကို ခေါက်ကာ စိတ်လှုပ်ရှားဖွယ် ခရီးစဉ် ကို စတင်နိုင်ပြီး ကျွန်တော်တို့ ရဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ကစားခုံပေါ်မှာ ပြသနိုင်မှာဖြစ်ပါသည်။ အထင်ကရ နေရာတစ်ခုချင်းစီရောက်တိုင်း စီးပွားရေးအခွင့်အရေး ဖြစ်သည့် ရောင်းဝယ်နိုင်ခွင့်နှင့် ကိုယ်ပိုင်မြို့ရွာ တည်ဆောက်နိုင်ခွင့်ကို ရရှိမှာဖြစ်ပါသည်။ Miracle Dice - မိုနိုပိုလီ ZingPlay ရဲ့ အဓိက ပန်းတိုင်ကတော့ အဆင့်မြင့် ဇိမ်ခံ အထင်ကရနေရာများကို ပိုင်ဆိုင်ပြီး ပြိုင်ဖက်ကစားသမားများ ဒေဝါလီခံရသည်အထိ မိမိတို့ချမ်းသာကြွယ်ဝမှူများကို အများဆုံးပိုင်ဆိုင်ရန်ဖြစ်ပါသည်။ Chibi စတိုင်ဖြင့်ရေးဆွဲထားသော အောင်မြင်ကြော်ကြားသောပုဂ္ဂိုလ်များထဲမှ မိမိကြိုက်နှစ်သက်ရာ အရည်အချင်းနှင့် ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ပြီး ကျွန်တော်တို့၏ အရည်အချင်းနှင့် ပေါင်းစပ်ကာ ကမ္ဘာပတ်ပြီး ကမ္ဘာတစ်ဝန်းရှိ အွန်လိုင်းဂိမ်းဘီလျံနာများနှင့် ယှဉ်ပြိုင်ကစားနိုင်မှာဖြစ်ပါသည်။ Miracle Dice - မိုနိုပိုလီ ZingPlay ဂိမ်းကစားပြီး အကောင်းဆုံးသော စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများနှင့်အတူ ဘီလျံနာသူဌေးကြီး အဖြစ် ခံစားမှုများကို ကစားခုံပေါ်မှာ ချက်ချင်းရယူလိုက်ပါ။ အထူးအချက်များ။ - အွန်လိုင်းပေါ်တွင် ကစားသမားများသည် 3F (Fast - Fun - Free/ မြန်ဆန် - ပျော်ရွှင် - အခမဲ့) နှင့် အတူ ကစားနိူင်ခြင်းနှင့် အပြန်အလှန် တုန့်ပြန်နိူင်ခြင်း။ - နာမည်ကြီး ထင်ရှားသော Chibi စတိုင်ပုံရိပ်များနှင့်အတူ အလွန်ကောင်းမွန်သော အသံပြုလုပ်ချက်များဖြင့်တည်ဆောက်ထားခြင်း။ - ကမာ့္ဘနာမည်ကြီး အထင်ကရနေရာများစွာပါဝင်ခြင်း။ - ပိုမို ကောင်းမွန်၍ အမျိုးအစားစုံလင်သော အံစားများစွာ ရွေးချယ်နိုင်ခြင်း။ **မှတ်ချက်** ကစားသူများအတွက် ခံစားမှု အစစ်အမှန်များကို ရရှိစေရန် ရည်ရွယ်ပြီး Miracle Dice - မိုနိုပိုလီ ZingPlay ဂိမ်းကို မိုဘိုင်းဖုန်းပေါ်မှာသာထောက်ပံ့ပေးထားပြီး အင်တာနက်နှင့် ဆော့ကစားနိုင်မှာဖြစ်ပါသည်။ Miracle Dice - မိုနိုပိုလီ ZingPlay ၏ နောက်ဆုံး သတင်းအချက်အလက်များကို သိရှိရန်နှင့် ပါဝင်ဆွေးနွေးနိုင်ရန် ဖော်ပြပါ Facebook Page နှင့် Website တို့မှာ ဝင်ရောက်ပါဝင်နိုင်ပါတယ်ခင်ဗျ။ Facebook:www.facebook.com/getmoney.zingplay Privacy policy: https://privacy.zingplay.com/

Discuss the gamein our Discord community





